Saturday, July 25, 2009

လတစ်စင်းကို ရင်ခုန်သူ

နေဟာ
အ၀င်အထွက် ရှိတဲ့ သဘောကို
နေ့ တိုင်း လုပ်ဆောင်ပြနိုင်ပေမယ့်
လှည့်စားတတ်တဲ့ လကျတော့
လပြည့် လကွယ်နှင့် မာယာ များနေတတ်တယ်၊
အဲဒီလို ပါပဲ
နေမင်းနှင့်တူတဲ့ငါက အလိမ္မာ မရှိ
မိုက်မဲစွာ ချစ်ပြနိုင်ခဲ့ ပေမဲ့
လတစ်စင်းလို လှည့်စားတတ်တဲ့ မင်းကတော့
ကြင်နာခြင်း အတုအယောင်တွေ ထွန်းညှိ
လိုချင်တာတွေ ရယူပြီးသွားတဲ့ အခါ
မာယာ များစွာနှင့် ကွယ်ပျောက်သွားတဲ့ မင်းကို
ကျေနပ်စွာ ခွင့်လွှတ်နိုင်ဖို့ ဆိုတာ
ငါအကြိမ်ကြိမ် စဉ်းစားရင်း
လပြည့် ညတွေမှာ
ကောင်းကင်က လမင်းကြီးကို မော့ကြည့်
ငါ မင်းကို သတိရလာပြီး
နာကြည်းမှုတွေ ကြားက ရင်ခုန်နေမိသေးတယ်။


Read More..


0 comments:


Free Blogger Templates by Isnaini Dot Com and Wedding Dresses. Powered by Blogger