Sunday, July 26, 2009

ဥုံဖွကမ္ဘာကြီးထဲမှာ

အဖြူအပေါ် အနက်ဆိုးပြီး
ရမ္မက်အခိုးတွေနဲ့  ပျော်ရွှင်စွာဖြင့်
ပေါ်ပင်ကို တော်ဝင်မှတ်ပါလို့ 
ကျတ်တစ္ဆေတွေအနားမှာ
အရပ်အနေမှား ခဲ့ ကြသူတွေ ....။


အလှတွေ စုန့် ကြွနေပေမယ့်
ဘ၀တွေ ရှုံ့ တွနေကြပြီကော
အလှတွေ ဝေနေပေမယ့်
ဘ၀တွေ သေနေကြပြီကော
အ၀ိဇ္ဇာတောမှာလာ့
လိပ်ပြာချောလေးတွေရဲ့  ၀ိညာဉ်ပွင့်တွေဟာ
ထိရင်လွင့်ကြွေ ....။
ဝါဒ မပါရ ကမ္ဘာကြီးထဲမှာ
ဒွါရ ပဓာန မဟာခရီးသည်တွေပေါ့
လာပြီးရင်း . . . လာနေ . . . လာနေ
ရှာပြီးရင်း . . . ရှာဖွေ . . . ရှာဖွေ
အို . . . ဘာတွေတဲ့တုံး . . . ။
မနောမယ ရတနာတစ်ပါးပမာ
အဟောဝတ ကမ္ဘာတစ်လွှားမှာ
စားချင်တာ၊ သွားချင်တာ
လိုချင်တာမှန်သမျှ အကုန်ရပေမယ့်
ဥုံ ဖွ ကမ္ဘာကြီးမှာ တစ်ခုလိုနေတာက
ယခုလို ဗဟိုအရိပ်တွေနောက်မှာ
လူ့ စိတ်တွေပျောက်ဆုံး . . . ။ ။

0 comments:


Free Blogger Templates by Isnaini Dot Com and Wedding Dresses. Powered by Blogger