Showing posts with label အထွေထွေ. Show all posts
Showing posts with label အထွေထွေ. Show all posts

Monday, July 20, 2009

အာမေးနီးယား (Armenia)

၁၁။ အာမေးနီးယား (Armenia)
Republic of Armenia
နောက်ခံသမိုင်း အကျဉ်း

(၄) ရာစုတွင် ခရစ်ယာန်ဘာသာကို ပထမဦးဆုံးစတင် ကိုးကွယ်သည့်နိုင်ငံ အဖြစ်ထင်ရှားသည်။ ရာစုနှစ် ပေါင်းများစွာ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ရိုမန် ၊ ဘိုင်ဇန်တိုင်း၊ အာရပ်၊ ပါရှန်း အော့တိုမန် အင်ပါယာ အစုအဝေးထဲ ပါဝင်ခဲ့သည်။ ပထမ ကမ္ဘာစစ်အတွင်း အာမေးနီးယန်း အနောက်ပိုင်း နှင့် အော်တိုမန်တူရကီ တို့တွင် နှိပ်စက်ညှင်းပန်းမှုများ နှင့် အတင်းအဓမ္မ နယ်မြေ ရွှေ့ပြောင်းနေရာချထားမှု များကြောင့် အာမေးနီးယန်းလူမျိုး (၁)သန်းခန့် အသက်ဆုံးရူံးခဲ့ ရသည်။ 1828ခုနှစ် တွင် အားမေးနီးယား အရှေ့ ဘက်ခြမ်းကို အော်တိုမန်အင်ပါယာ ထံမှ ဂျာမနီက သိမ်းပိုက်ခဲ့သည်။ 1918 ခုနှစ် တွင် ၄င်းအရှေ့ဘက် အား မေးနီးယား လွတ်လပ်ရေး ကြေငြာခဲ့သည်။သို့သော် 1920ခုနှစ်များတွင် မော်စကို အစိုးရက ဆိုဗီယက် တပ်နီ တော် မှ ထပ်မံသိမ်းပိုက်ခဲ့သည်။ 1920 ခုနှစ်များတွင် မော်စကို အစိုးရက ဆိုဖီယက်အဇာဘိုင်ဂျန် အဖြစ် သတ်မှတ်ထားသော မူလ အာမေးနီးယန်းလူမျိုးများ အစပြုနေထိုင်ခဲ့ နာဂိုနို - ကာရာဘာ့(စ)ဒေသကို မွတ်စလင် အဇာဘိုင်ဂျန်များနှင့် ပဋိပက္ခပြုလျက် အာမေးနီးယန်း ခေါင်ဆောင်များက ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ 1988 ၌ အဆိုပါဒေသတွင် အာမေးနီးယန်းနှင့်အဇာဘိုင် တို့တိုက်ခိုက်ခဲ့ကြသည်။ တိုက်ခိုက်မှုများ အရှိန်အဟုန် မြင့်လာခဲ့ပြီး 1991 တွင်နှစ်နိုင်ငံစလုံး ဆိုဗီယက်ထံမှ လွတ်လပ်ရေးရခဲ့သည်။ 1994 , မေလ ၊ အပစ်အခတ်ရပ် ဆဲရေးသဘောတူပြီးချိန်၌ အာမေးနီးယားက နော်ဂိုနို- ခရာဘာ့ဒေသနှင့် အဇာဘိုင်ဂျန်ပရော်ပါ၏ အရေးပါသော ဒေသကို ထိန်းချုပ်ထားခဲ့သည်။ နှစ်နိုင်ငံငြိမ်းချမ်းရေး အခြေခံရရှိအောင် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် စီးပွားရေးတွင် ထိခိုက်နစ်နာမှု များဖြစ်ပွားခဲ့သည်။ အားမေးနီးယန်းခွဲထွက်ရေးသမားများ က နာဂိုနို -ကာရာဘာ့ နှင့်ပတ်ဝန်းကျင်ဒေသများကို ထိန်းချုပ်ထားမှုကြောင့် တူရကီကအာမေးနီးယားနှင့် စီးပွားရေးဖြတ်တောက် ထားခဲ့ ပြီး နှစ်နိုင်ငံနယ်စပ်ကိုလည်းပိတ်ထားခဲ့သည်




ပထ၀ီ အနေအထား
တည်နေရာ
အာရှအနောက်တောင် ၊ တူရကီအရှေ့ဘက်။

မြေပုံအညွှန်း
အာရှ

ဧရိယာ
ကုန်းမြေ - 28,454 sq km
ရေ - 1,289 sq km
စုစုပေါင်း - 29,743 sq km

ထိစပ်နယ်မြေ
အဇာဘိုင်ဂျန် - ပရော်ပါ - 566 km
အဇာဘိုင်ဂျန် - နက်ဇီဘန် - 221 km
ဂျော်ဂျီယာ - 164 km
တူရကီ - 268 km
စုစုပေါင်း - 1,254 km
ကမ်းရိုးတန်း
0 km (ကုန်းတွင်းပိတ်)

ရာသီဥတု
ကုန်းမြင့်။ ပူပြင်းသောနွေရာသီ။အေးမြသောဆောင်းရာသီ။

မြေမျက်နှာသွင်ပြင်
အာမေးနီးယန်း ကုန်းမြင့်တွင် တောင်များရှိ။
သစ်တောအနည်းငယ်ရှိရေစီးသန်သောမြစ်များရှိ။
အာရတ်(စ)မြစ်တောင်ကြားဒေသတွင်မြေသြဇာကောင်းမွန်။

မျက်နှာပြင်အထက်ခြားနားချက်
အမြင့်ဆုံးအပိုင်း အာရာဂတ်(စ်) လာနာဂါဂတ် (စ်) – 4090 m
အနိမ့်ဆုံးအပိုင်း ဒဲဗက်မြစ် - 400 m
သဘာဝအရင်းအမြစ်
ရွှေကြောအနည်းငယ်ရှိ။ ကြေးနီ၊ မိုလက်ဒီနမ်၊ သတ္တု၊ ဘောက်ဆိုဒ်သတ္တု။

လူ့အရင်းအမြစ်
လူဦးရေ 2,968,586 (2008)
လူဦးရေတိုးနှုန်း - 0.077% (2008)
မွေးဖွားနှုန်း 12.53/1000 ဦးရေ
သေဆုံးနှုန်း 8.34/1000 ဦးရေ
ပျှမ်းမျှအသက် ကျား - 68.79 နှစ်
မ - 76.55 နှစ်
စုစုပေါင်း - 72.4 နှစ်
လူမျိုး
အာမေးနီးယန်း

တိုင်းရင်းသားလူမျိုးစု
အာမေးနီးယန်း - 97.9%
ရီဇီဒီ (ကာ့ဒ်) – 1.3 %
ရုရှန်း - 0.5 %
အခြား - 0.3%

ကိုးကွယ်မှု
အာမေးနီးယန်း အပိုစတိုလစ် - 94,7%
အခြားခရစ်ယာန် - 4 %
ရီဇီဒီ - 1.3 %
ဘာသာစကား
အာမေနီးယန်း - 97.7 %
ရီဇီဒီး - 1 %
ရုရှ - 0.9 %
အခြား - 0.4 %

မြို့တော်
ယာရီဗန် (Yerevan)

အပြည့်အစုံသို့ 

Saturday, July 18, 2009

BCS

Basic computer course
BCS new

အပြည့်အစုံသို့ 

ဆက်သွယ်ရန်

Please give me your emails or comments.ဒီမှာ အကြံညဏ်လေးများပေးနိုင်ပါသည်။

အမည်
အီးမေးလ်လိပ်စာ
အကြောင်းအရာ
အသေးစိတ်အကြောင်းအရာ
ပူးတွဲပို့ လိုသောဖိုင်
Image Verification
Please enter the text from the image
[ Refresh Image ] [ What's This? ]

အပြည့်အစုံသို့ 

မြန်မာ့အရေး

မြန်မာ့အရေး ထိရောက်အောင် ကူညီဖို့ အာရှ နိုင်ငံတွေကို ပြင်သစ်နဲ့ ဂျာမဏီ တိုက်တွန်း 15 June 2009 ဂျွန်လ ၁၁ ရက်နေ့၊ ကြာသာပတေးနေ့က ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြင်သစ်သမ္မတ နီကိုလတ်ဇ် ဇာကိုဇီ (Nicolas Sarkozy) နဲ့ ဂျာမန်ဝန်ကြီးချုပ် အန်ဂဲလာ မက်ကဲလ် (Angela Merkel) တို့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆိုနေတာတွေနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်မိတဲ့အကြောင်း ပြောဆိုသွားပါတယ်။ပြင်သစ် သမ္မတ နစ်ကိုလတ်ဇ် ဇာကိုဇီ က ဒေါ်အောင်ဆန်းစုကြည်အတွက် ကျနော်တို့ အထူးစိုးရိမ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရဖို့ ကျနော် တယ်လီဖုံးဆက် ကြိုးစားခဲ့ပါတယ်။ မြန်မာစစ်အစိုးရက ကျနော်ကို ခွင့်မပြုခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အတွက် ကျနော် အထူးပဲ စိတ်မကောင်းဖြစ်မိပါတယ်လို့ ပြောဆိုသွားပါတယ်။ဂျာမန် ၀န်ကြီးချုပ် အန်ဂဲလာ မက်ကဲလ်ကလည်း မြန်မာနိုင်ငံ့အရေးကို ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံကတကာ မိသားစုက ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ ဆော်သြသွားခဲ့ပါတယ်။ ကမ္ဘာတ၀ှမ်းလုံး အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ အနေနဲ့ စစ်အစိုးရဖက်က လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ် လူ့အခွင့်အရေး စံသတ်မှတ်ချက်တွေနဲ့ အညီ ပြုမူဆက်ဆံလာအောင်၊ ဒေသတွင်းနိုင်ငံတွေရဲ့ သြဇာသက်ရောက်မှုကို သုံးပြီး တိုက်တွန်းကြဘို့ လိုပါတယ်။ ဂျာမဏီနဲ့ ပြင်သစ်နိုင်ငံတွေအနေနဲ့ မြန်မာ့အရေး နည်းလမ်းရှာနိုင်အောင် အတတ်နိုင်ဆုံး လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ပြောဆိုသွားပါတယ်။www.voanews.comမှကူးယူဖော်ပြသည်။

အပြည့်အစုံသို့ 

Thursday, July 2, 2009

အထွေထွေ

၁။ သံဝေဂကဗျာ
၂။ မြန်မာ့အရေး
၃။ J lo
၎။ BCS

အပြည့်အစုံသို့ 


Free Blogger Templates by Isnaini Dot Com and Wedding Dresses. Powered by Blogger