Wednesday, July 22, 2009

ရင်ကျိုးအင်း

တောင်ကိုရှောင်တဲ့ 
အရောင်မဲ့ လေ ၊ မဟုတ်ချေ။



တောနေကြာရိုင်း

ပန်းတိုင်းပွင့်စေ၊ ဒီရေမြင့်သစ်
အလှခေတ်ဦး၊ တူးဆွချင်သူ။
အဝေးဆုံးလမ်း
ရွေးချယ်စမ်းတဲ့ 
ကြမ်းတမ်းသိပ်သည်း၊မြည်ဟည်းပဲ့တင်
ငလျင်လှုပ်ခတ်၊ အနာဂတ်ကို
ပွေ့ ဖက်လိုလျက်၊ လမ်းတစ်ဝက်မှာ ....၊
မြေ၀သုန်က
ဂုဏ်မပြုလည်း
လူထုဆီးကြိုနေမည်သာ။

မောင်လွမ်းဏီ


0 comments:


Free Blogger Templates by Isnaini Dot Com and Wedding Dresses. Powered by Blogger