အသက်
လေးဆယ့်သုံးတုန်းက
ဆယ့်ရှစ်နှစ်ကျုပ်သားနဲ့ 
လက်လှဲကြတဲ့အခါ
ဇနီးက
ကျုပ်နိုင်စေချင်ခဲ့တယ်
ကျုပ်နိုင်ပါတယ်
ငါးဆယ်ကျော်တော့
အငယ်ဆုံးသား နှစ်ဆယ်နှစ်နဲ့ 
လက်လှဲကြတဲ့အခါ
ဇနီးက
ကျုပ်ရှုံးစေချင်ခဲ့တယ်
ဟုတ်ကဲ့
ကျုပ်ရှုံးပါတယ်။
အုန်းမြင့်လှိုင်
.
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
0 comments:
Post a Comment